မျက်နှာအသားအရေ နီမြန်းတာ၊ အစက်အပြောက်တွေ ပေါ်လာတာ၊ ဆံပင်နဲ့ အသားအရေ
ကြမ်းတမ်းနေတာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသူတွေအတွက်
အလွယ်သုံးနိုင်မယ့် နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။
(၁) လက်ဖက်စိမ်း လက်ဖက်ရည်
အင်တီအောက်ဆီးဒင့် အများအပြားပါဝင်တဲ့ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ မျက်နှာ
အသားအရေ နီမြန်းမှုကို လျော့ကျစေပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အေးမြနေတဲ့
လက်ဖက်စိမ်း လက်ဖက်ရည်နဲ့ မျက်နှာပြင်ပေါ်ကို ဆေးကြောသန့်စင်ပေးရမှာ
ဖြစ်ပါတယ်။
(၂) ထောပတ်သီး
အကောင်းဆုံး
အစိုဓာတ်ထိန်းခရင်မ်လို့ နာမည်ကြီးတဲ့ ထောပတ်သီးကို
မျက်နှာပေါင်းတင်ပစ္စည်းအဖြစ် လည်းကောင်း၊ ဆံပင်ပေါင်းတင်ပစ္စည်းအဖြစ်
လည်းကောင်း သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ထောပတ်သီးအနှစ်ကို
ကြေညက်တဲ့အထိ ကြိတ်ချေပြီး မျက်နှာ အရေပြားပေါ်နဲ့ ဆံပင်သားတွေပေါ်ကို
လိမ်းပေးရမှာ ဖြစ်ပါတယ်။ မျက်နှာ အသားအရေနဲ့ ဆံကေသာကို
စိုပြည်တောက်ပစေပါတယ်။
(၃) ဂျုံမှုန့်
ဂျုံမှုန့်မှာ
ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။ ရေထဲကို ဂျုံမှုန့်
အနည်းငယ်ထည့်ပေးပြီး မျက်နှာကို သစ်ပေးတာ ဒါမှမဟုတ် မျက်နှာကို
အရည်ဖျော်ထားတဲ့ ဂျုံမှုန့်ရေနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးတာ စတဲ့ နည်းတွေကို
သုံးနိုင်ပါတယ်။
(၄) သင်္ဘောသီး
အရေပြား ချွေးပေါက်တွေ
ကျယ်နေလို့ စိတ်ညစ်နေရင် သင်္ဘောသီးကို ပါးပါးလှီးပြီး မျက်နှာအသားအရေပေါ်
ကပ်ပေးတာ ဒါမှမဟုတ် သင်္ဘောသီးအနှစ်ကို မျက်နှာပေါ် လိမ်းပေးတာတို့ကို
လုပ်ဆောင်ပေးပါ။ သင်္ဘောသီးမှာပါတဲ့ ပက်ပိန်းဆိုတဲ့ အင်ဇိုင်းက
မျက်နှာအသားအရေအတွက် အကောင်းဆုံး အင်ဇိုင်းတစ်မျိုး ဖြစ်ပါတယ်။
(၅) သံပရာသီး၊ ရှောက်သီး
သံပရာသီး၊ ရှောက်သီးထဲမှာပါတဲ့ အက်စစ်ဟာ ဆံပင်သားကို သဘာဝကျကျ တောက်ပစေတဲ့ အစွမ်းရှိပါတယ်။
(၆) ကြက်ဥ၊ ဘဲဥအကာ
ကြက်ဥအကာ၊ ဘဲဥအကာတွေကို မျက်နှာအရေပြားပေါ် လိမ်းပေးရင် အသားအရေကို တင်းရင်းစေပါတယ်။
(၇) သံလွင်ဆီ
သံလွင်ဆီဟာ ဆံကေသာကို စိုပြည်စေပြီး အရေပြားပေါ်က အမည်းစက်တွေကို လျော့ပါးစေပါတယ်။
(၈) သကြား
သဘာဝ ကြေးချွတ်ပစ္စည်းဖြစ်တဲ့ သကြားကို သံလွင်ဆီနဲ့ ရောပြီး နှုတ်ခမ်းသားနဲ့
ခန္ဓာကိုယ် အရေပြားမှာ ကြေးချွတ်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။
(၉) ပျားရည်
ပျားရည်မှာ သဘာဝ ပိုးသတ်အာနိသင်ရှိပြီး အသားအရေကို အစိုဓာတ် ရှိနေစေပါတယ်။
ပျားရည်ဟာ မျက်နှာပြင်ပေါ်က အစက်အပြောက်တွေကို သက်သာစေပါတယ်။
လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံး
Saturday, September 5, 2015
ဆီးချိုရောဂါ နဲ့ ဓာတ်စာ
ဆရာခင်ဗျာ-ဆီးချိုရောဂါဝေဒနာရှင် တွေ ဘယ်လိုအစားအစာမျိုးကို စားသုံးသင့် ပြီး ဘယ်လိုအစာတွေကို ရှောင်ကြဉ်ရမယ် ဆိုတာပြောပေးပါ။
ဆီးချိုရောဂါဝေဒနာရှင်တွေဟာ မိမိနေ့စဉ်စားသုံးသင့်တဲ့ အစာပမာဏကို စားသုံးဖို့ ဆရာဝန်ညွှန်ကြားမှုရယူသင့်ပါတယ်။ လုံးဝရှောင်ရမယ့် အစားအစာ၊ ကြိုက် သလိုစားနိုင်တဲ့ အစားအစာ၊ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စားသင့်တဲ့အစာ၊ ရှောင်သင့်တဲ့အစာနဲ့ အစားအစာတွေရဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ် အလဲ အလှယ် စံနှုန်းတွေရှိပါတယ်။
ရှောင်ကြဉ်ရန်သကြားဓာတ်အလွန်များတဲ့ သကြား၊ ဂလူးကို့စ်၊ ကြံသကာ၊ ထန်းလျက်၊ ပျားရည်၊ ယို၊ ဂျယ်လီ၊ ချောကလက်၊ သကြားလုံး၊ ရေခဲ မုန့်၊ ဝိုင်၊ အရက်ချို၊ အချိုရည်အမျိုးမျိုး၊ သကြားနဲ့လုပ်တဲ့ယမကာ၊ သကြားပါတဲ့ စည်သွတ်အသီး၊ စည်သွတ်ဖျော်ရည်အမျိုးမျိုး၊ အရက်၊ ဘီယာ၊ ဆေးလိပ်နဲ့ ကွမ်းစားခြင်းတွေကို ရှောင်ကြဉ် ရပါမယ်။ ဝက်၊ ဘဲ စတဲ့တိရစ္ဆာန်ကရတဲ့ အဆီ၊ အုန်းဆီ၊ စားအုန်းဆီနဲ့ ပြည့်ဝဆီတွေကို ရှောင်သင့်ပါတယ်။
စားသုံးရန်
သကြားနဲ့ ကစီဓာတ်နည်းတဲ့ ငရုတ်ကောင်း၊ ချင်း၊ မဆလာ၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှလကာရည်၊ ဟင်းသီးဟင်း ရွက်အမျိုးမျိုး၊ ကော်ဖီမှုန့်၊ လက်ဖက် ရည်၊ အချိုခြောက်၊ အဖန်ခြောက်၊ သကြားတု၊ ဆေးသကြား၊ ပင်လယ်ငါးနဲ့ ပုစွန်တို့ ကြိုက်သလိုစားသုံးနိုင်ပါတယ်။
ဆရာဝန်ညွှန်ကြားသလို စားသင့်တဲ့အစာကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာများ၊ ပြောင်း၊ ကစီဓာတ်ပါတဲ့ သစ်ဥ၊ ပိန်းဥ၊ မျောက်ဥ၊ ကန်စွန်းဥ၊ အသားဓာတ်(ပရိုတိန်း)ပါ အသား အမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့အမျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့အစားအစာ၊ အဆီ၊ အသီးအနှံကရတဲ့ မပြည့်ဝဆီ (ဥပမာ-မြေပဲဆီ၊ နေကြာဆီ)၊ အခွံမာသီးနဲ့ ကြက်ဥ (အနှစ်မပါ) စားနိုင်တယ်။
အစားအစာနဲ့ ကာဗိုဟိုက်ဒရိတ်လဲလှယ်နှုန်းဆီးချိုလူနာကို ဆန်၊ ဂျုံစတဲ့ ကာဗိုဟိုက် ဒရိတ်ပါတဲ့အစာတွေ ကျွေးသင့်ပါတယ်။ လူနာက ဆရာဝန်ညွှန်ကြားတဲ့ အစာ ပမာဏနဲ့ အစားအစာအမျိုးမျိုးစားရမယ်။ ကာဗိုဟိုက်ဒရိတ် ၁ဝဝ ဂရမ်ပါတဲ့အစာတချို့မှာ ကယ်လိုရီ ၅ဝ ထွက်တယ်။ ကာဗိုဟိုက်ဒရိတ်၅ဝ မှ ၁ဝဝ ဂရမ်၊ ထမင်း ၁၂ ဇွန်းနဲ့ ဟင်း ရွက်ကြော် (ကြိုက်သလောက်)၊ ဟင်းချို၊ ငါး၊ ပုစွန်စသည်ဖြင့် ဆီးချိုလူနာတစ်နပ်စာ လုံလောက်ပါတယ်။
ကာဗိုဟိုက်ဒရိတ်အတွက် အစားအစာ အမျိုးမျိုးက မိမိနှစ်သက်ရာယူပြီးစားနိုင် တယ်။ ထမင်းငါးပုံနှစ်ပုံ၊ ဟင်းသီးဟင်းရွက် ငါးပုံနှစ်ပုံနဲ့ အသားငါးပုံတစ်ပုံရအောင် စား သင့်ပါတယ်။
လက္ခဏာများ
ညဘက်ဆီးမကြာခဏသွားခြင်း၊ ရေငတ် ခြင်း၊ အရေပြားအနာပေါက်ခြင်း၊ အဝလွန် ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံး ရောဂါနဲ့ ထုံကျဉ်နာတို့ ဆက်စပ်နေလို့ ဆီးချို ရှိ၊ မရှိ သွေးဖောက်စစ်ဆေးသင့်ပါတယ်။
သွေးအတွင်း သကြားဓာတ်နည်းခြင်း
ဆီးချို သို့မဟုတ် အင်ဆူလင်ထိုးရင် သွေးအတွင်းသကြားဓာတ်အလွန်နည်းပြီး ချွေးထွက်များခြင်း၊ တုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ထိတ်လန့်ခြင်း၊ စိတ်တိုခြင်း၊ သတိ မမှန်ခြင်းနဲ့ သတိလစ်ခြင်းတို့ဖြစ်စေတယ်။ သကြားလုံး၊ဘီစကွတ် သို့မဟုတ် အချိုရည်တစ်ခွက် သောက်နိုင်တယ်။
နေထိုင်မှုစနစ်
ဆေးလိပ်ဖြတ်ရပါမယ်။ အရက်နှစ်ပတ် ထက် ပိုပြီးမသောက်သင့်ပါဘူး။ နေ့စဉ်ပုံမှန် နာရီဝက် အားကစားလုပ်ရမယ်။ ဟင်းသီးဟင်းရွက်နဲ့ငါးများများစားရမယ်။ နေ့စဉ်
သစ်သီးတစ်လုံး စားရမယ်။ နေ့စဉ် သွေးစစ်၊ ဆီးချိုစစ်သင့်ပါတယ်။
Subscribe to:
Posts (Atom)